Pages

Pages

တနိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ





တနိုင်း မတ်၂၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို မတ်လ(၂၅)ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအင်ဂျီးဂ‌ရောင်က သင်တန်း ဆိုင်ရာ လမ်းညွှန်မှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်ရာ တနိုင်းမြို့နယ် အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၉၃) ဦးနှင့်  မူလတန်းအဆင့် ဆရာ၊ ဆရာမ (၂၁၁) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၁၆)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ခန်းစာများကို (၅) ရက်ကြာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


မနောမြေ 

https://t.me/MyanmarNationalPost

No comments:

Post a Comment