အိမ်မဲမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အပန်းဖြေလမ်းလျှောက်နိုင်မည့် ကွန်ကရစ်လမ်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အပန်းဖြေလမ်းလျှောက်နိုင်မည့် ကွန်ကရစ်လမ်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ



အိမ်မဲ မတ် ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ချောင်းဝရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကမ်းနား ဘက်ခြမ်း၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြို့နယ်အတွင်းရှိပြည်သူများ အပမ်းဖြေလမ်းလျှာက်နိုင်မည့်အရှည် (၈၀၀)ပေ ၊ အကျယ် (၅)ပေ ၊ ထု (၄)လက်မရှိသော ကွန်ကရစ်လမ်းနှင့် အဆိုပါလမ်းပေါ်၌ လျှပ်စစ်မီးသွယ် တန်းခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ( ၅ ) နာရီအချိန်တွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်သွင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်မည့် မုဒ်ဦး ရှေ့တွင်နေရာယူကြပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အဆိုပါလမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။


အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းမှာ (၂၀၂၃ - ၂၀၂၄) ခု ဘဏ္ဍာရေးနှစ် တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၁၉၈)သိန်းဖြင့်လည်းကောင်း ပြည်သူများမှ ပူးပေါင်းထည့် ဝင်ငွေသိန်း (၅၀)ဖြင့်လည်းကောင်း (၁၀-၁၂-၂၀၂၃)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး (၁၈-၂- ၂၀၂၄)ရက်နေ့တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် အိမ်မဲမြို့နယ်ရှိ ပြည်သူများအနေဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် အပန်းဖြေလမ်းလျှောက်နိုင်ခြင်းနှင့် ထိုင်ခုံများမှာထိုင်၍  လေညှင်းခံယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)