Pages

Pages

စမ်းချောင်းမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ



MNP ၊စမ်းချောင်း မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းများကို မတ်လ (၁) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြားရာတွင် စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက် ပဒုမ္မာအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီဘောလုံး အားကစားသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များက  ယမန်နေ့က  သွားရောက်၍ ကြည့်ရှု့အားပေးစကားပြောကြားပြီး သင်တန်းသား (၈၀) ဦးခန့်အား အားဖြည့်အချိုရည်ဘူးများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဖြူသွယ်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment