Pages

Pages

မကွေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၁၄၈၃ ဦး ဝင်ရောက်ဖြေဆို


မကွေး  မတ် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာဘာသာရပ်)ကို မကွေးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခု၌ ကျောင်းသား၊ ကျောင်းသူ ၁၄၈၃ ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန (၄)ခုရှိပြီး အ.ထ.က(၁) စာစစ်ဌာနတွင် စာရင်းသွင်းထားသူ ၇၇၃ ဦးရှိကာ ဖြေဆိုသူ ၇၆၂ ဦး၊ ပျက်ကွက် ၁၁ ဦး၊ အ.ထ.က(၃) စာစစ်ဌာနတွင် စာရင်းသွင်းထားသူ ၆၅၂ ဦးရှိကာ ဖြေဆိုသူ ၆၂၀ ဦး၊ ပျက်ကွက်သူ ၃၂ ဦး၊ အ.ထ.က(မိကျောင်းရဲ)စာစစ်ဌာန၌ စာရင်းသွင်းထားသူ ၅၆ ဦးရှိကာ ဖြေဆိုသူ ၅၃ ဦး၊ ပျက်ကွက်သူ ၃ ဦး၊ အ.ထ.က(သစ်ရာကောက်)စာစစ်ဌာန၌ စာရင်းသွင်းထားသူ ၄၈ ဦးရှိကာ ဖြေဆိုသူ ၄၈ ဦး စုစုပေါင်းဖြေဆိုရန် စာရင်းသွင်းထားသူ ၁၅၂၉ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၁၄၈၃ ဦး၊ ပျက်ကွက်သူ ၄၆ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၆ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပြီး ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး‌လျက်ရှိကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment