မြောင်းမြ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ၂၀၂၄ ခုနှစ် နွေစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ ညနေ ၄:၀၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
နွေစပါး စံပြကွက် စံကွက်ရိတ်သိမ်းခြင်းကို မဒေါ့ပင်ကျေးရွာ ကွင်းအမှတ် (၂၁၉/ခ) တောင်သူ ဦးသက်နိုင်ဦး၏ လယ်မြေတွင် ပြုလုပ်ပြီး နယူးဧရာ-၁ နွေစပါးစံပြကွက် ( ၂၀ )ဧက စံကွက်ရိတ်သိမ်းရာ တစ်ဧကအစိုတင်း (၂၁၄) တင်း၊အခြောက်တင်း (၂၀၄) တင်း ထွက်ရှိကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်တို့က နွေးစပါး၊ မိုးစပါးစိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင် အတွက်နှုန်းရရှိရေး အတွက် တောင်သူများကို ပညာပေးဆွေးနွေးပြီး တောင်သူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ် စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာ (၇) အုပ်စုမှ တောင်သူ (၁၅၀)ဦးတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)
https://t.me/MyanmarNationalPost
No comments:
Post a Comment