Pages

Pages

ရွှေတောင်မြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုအတွင်းရှိအသက်(၈၅) နှစ် ထက်ဘိုးဘွားများအား လူမှုရေးပင်စင်သွားရောက်ထောက်ပံ့ပေးအပ်




 

ရွှေတောင် မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စုနှင့် နွားမယံ ကျေးရွာအုပ်စုများအတွင်းရှိအသက်(၈၅) နှစ်ထက်ဘိုးဘွားများ အား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်များအိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

      ထိုသို့  ထောက်ပံ့ပေးအပ်ရာတွင် ရွှေတောင်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွား (၁၀၁၄)ဦးရှိရာ ဆည်ကြီးကုန်းအုပ်စုနှင့် နွားမယံ ကျေးရွာ အုပ်စုများအတွင်းရှိအသက်(၈၅) နှစ်ထက်ဘိုးဘွား (၅၅)ဦးအား တတိယ ( ၃)ပတ် (အောက်တိုဘာ  ၊နိုဝင်ဘာ၊ ဒီဇင်ဘာ )လများအတွက်တစ်လလျှင် (၁၀၀၀၀)ကျပ် ( ၃) လစာ တစ်ဦးလျှင် ( ၃၀၀၀၀) ကျပ် နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ( ၁၆၅၀၀၀၀) ကျပ် ကို ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်မိမိချို၊ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ဝန်ထမ်းများက    အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment