Pages

Pages

ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ကန်ကြီးထောင့် မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားအား ယနေ့နံနက် (၁၀)နာရီအချိန်က လဟာဂလူကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဟောပြာပွဲဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြည်သူများသိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောပို့ချခဲ့သည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာလက်ကမ်းစာစောင်များအား ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကျေးရွာနေပြည်သူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။ အလားတူ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပေါက်ကျွန်းကျေးရွာနှင့် ကုလားကွင်းကျေးရွာတို့တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက် ဟောပြောပွဲများ‌ဆောင်ရွက်‌ခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


ကျော်ဇင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment