ကဝ မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးဘေးအသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ ဌာနဆိုင်ရာများတွင် မီးသတ်ဆေးဘူးများထားရှိရန်နှင့် အသုံးပြုပုံတို့ကိုရှင်းလင်းပြောကြားခြင်း၊ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသော နေရာများအား မီးဘေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment