Pages
▼
Pages
▼
ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူများအား အားဖြည့်အချိုရည်၊ ရေနှင့်အာဟာရပြည့်မုန့်များ ဖြန့်ဝေ
ဘုတ်ပြင်း ၊ မတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ဘုတ်ပြင်းမြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများကို အားဖြည့်အချိုရည်၊ ရေနှင့် အာဟာရပြည့်မုန့်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment