ပုလော မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အလယ်တန်း/ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ပုလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပညာရေး မူဝါဒများကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် နှင့် သင်ကြားမှု အရည်အသွေးများ မြှင့်တင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပညာရေးဌာနမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ပုလောမြို့နယ်ရှိ အလယ်တန်းပြ ဆရာ/ဆရာမ ၂၆၈ ဦး၊ မူလတန်းပြ ဆရာ/ဆရာမ ၃၈၆ ဦး စုစုပေါင်း ၆၅၄ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကာလမှ မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)
https://t.me/MyanmarNationalPost

No comments:
Post a Comment