Pages

Pages

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနသို့ ငွေကျပ်(၅)သိန်းလှူဒါန်း





သရက် မတ် ၂၉


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနသို့ မိဘများဖြစ်ကြသော ဖခင်ကြီး ဦးထွန်းကျော်ကွယ်လွန် (၄) နှစ်ပြည့်နှင့် မိခင်ကြီး ဒေါ်မြင့်မြင့်ကွယ်လွန် (၆) နှစ်ပြည့်မိဘများအား ရည်စူး၍ သားသမီးများ ကိုဝင်းမြင့်ထွန်း(ရန်ကုန်)၊ ကိုအောင်မျိုးထွန်း (သရက်)၊ မခင်ကလျာထွန်း (ရန်ကုန်) တို့မှ ငွေကျပ် (၅) သိန်းလှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) နာရီက လှူဒါန်းရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်လက်ခံပေးခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇော်ထက်(သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment