အပြုသဘောဆန်ဆန် တွေးပြီး လက်တွေ့ကျကျ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြုသဘောဆန်ဆန် တွေးပြီး လက်တွေ့ကျကျ ဆောင်ရွက်



ဦးဝင်းမြင့် ဝမ်းသာ က သူ့ရဲ့ ရွာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်မယ့်သူကို တရွာလုံးက ဝိုင်းဝန်းထောက်ပံ့ပေးတဲ့ အခြေအနေကို ရေးသားတင်ပြထားတာ တွေ့ရပါတယ်။

သူ့ရဲ့ ရေးသားဖော်ပြချက်မှာတော့ " (ဝမ်းသာရွာ)ကိုယ်စားပြု စစ်မှုထမ်းဆောင်မည့် မောင်သီဟငြိမ်း အမှတ်(၁) အား တရွာလုံးမှ ထောက်ပံ့အလှူုငွေ(၇၂၃၀၀၀) ကျပ်အား ပေးအပ်ကူညီခဲ့ပါသည်။" လို့ ရေးသားဖော်ပြထားပါတယ်။

ကျွန်တော် တချို့အုပ်ချုပ်ရေးမှူးတွေကို အဲဒီလို လုပ်ဆောင်ဖို့ အကြံပြုပေးခဲ့တာ ရှိပါတယ်။ တချို့ကျေးရွာတွေမှာ စစ်မှုထမ်းတာဝန်ကို ရှောင်လွှဲဖို့ အုပ်ချုပ်ရေးမှူးတွေကို လာဘ်လာဘပေးနေကြတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကောင်းစွာ ရှင်းမပြနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေက လာဘ်လာဘဆိုရင်တော့ ဘယ်အလွယ်ပေးလိမ့်မလဲ။

ဝမ်းသာရွာရဲ့ ဆောင်ရွက်ချက်ဟာ စံပြပါပဲ။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်(၁)မှာ တာဝန်ထမ်းဆောင်ဖို့ ခေါ်ပြီ။ ရွာရှိ လူကုန် ခေါ်တာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မှ (၅၀၀၀)ပဲ ခေါ်မှာ ဖြစ်ပါတယ်။ ဒီကာလမှာ စစ်မှုထမ်းဆောင်ရမယ့် အသက်အရွယ်အပိုင်းအခြားကို ရောက်ရှိနေသူတွေ များစွာ ရှိပါလိမ့်မယ်။ သို့ပေသော် (၁၀၀၀)မှာ (၁)ယောက်ပဲ တာဝန်ထမ်းဆောင်ရမှာပါ။ 

တကယ်ဆိုရင်တော့ စံပြအနေနဲ့ မျိုးချစ်စိတ်ရှိတဲ့ လူငယ်များက မိမိသဘောဆန္ဒအလျောက် အဆိုပြုပြီး ဝင်ရင်တောင် ပြည့်ပါတယ်။ အတ္တကြီးလွန်းတဲ့ မိဘတွေ၊ ပြည်ဖျက်မိစ္ဆာတွေပဲ ဂယက်ထနေကြတာပါ။

အခုလို တာဝန်သိစိတ်နဲ့ ဆောင်ရွက်မယ့်သူကို ရွာသူရွာသားတွေက သူ့မိသားစုအတွက်သော်လည်းကောင်း၊ သူ့အတွက်သော်လည်းကောင်း မိမိတို့ တတ်စွမ်းသ၍ ပံ့ပိုးကူညီတာလည်း အပမ်းမကြီးပါဘူး။ အများအတွက် တစ်ယောက်က အနစ်နာခံရင် အများကလည်း ထိုသူ တစ်ဦးတစ်ယောက်အတွက် တာဝန်သိစိတ်နဲ့ ပြန်လည် ကူညီခြင်းအားဖြင့် ဘာပြဿနာမှ မပေါ်ပေါက်တော့ပါဘူး။

ရပ်ရွာတိုင်းမှာ ထိုနည်းအတိုင်း ဆောင်ရွက်မည်ဆိုလျှင် ဘာပြဿနာမှ မပေါ်ပေါက်ပါ။ တိုင်းပြည် လူမျိုး နောင်ကောင်းကျိုးအတွက် ဆောင်ရွက်ရာဝယ် အပြန်အလှန် ကူညီရိုင်းပင်းမှုနဲ့ တိုင်းချစ် ပြည်ချစ်စိတ်ကို အရင်းခံပြီး ဆောင်ရွက်ကြမည်ဆိုလျှင် ပြဿနာနည်းပါလိမ့်မည်။

ဝမ်းသာ ရွာရဲ့ ဆောင်ရွက်ချက်အပေါ် ဝမ်းသာမိပါတယ်။ မင်္ဂလာရှိပါတယ်။


ဓာတ်ပုံ - ဦးဝင်းမြင့် (ဝမ်းသာ)

နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)