Pages

Pages

ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ နှစ် (၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

 



ခရမ်း မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊  သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရိဇိန်သွန်းဘုရားကြီး၏ နှစ် (၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘုရားကြီး၏ မုတ်ဦးရှေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရမ်းမြို့နယ် သကျမာရိဇိန်သွန်းဘုရားကြီး၏ဘဏ္ဍာတော် ဂေါပက ဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ဝင်များ မြို့နယ်သာသနာရေးမှူး ဦးမောင်မောင်သန်း၊ မြို့နယ်ဝတ်အသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အလှူရှင်မိသားစုများတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

တစ်ပေါင်းလဆန်း (၈) ရက် (၁၇•၃•၂၀၂၄) နေ့တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား (၅) ရက်တိုင် ကျင်းပပြုလုပ်၍ တစ်ပေါင်းလဆန်း (၁၄) ရက် (၂၃•၃•၂၀၂၄) တွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၃၃) ကျောင်းမှ ပင့်သံဃာတော် အရှင်သူမြတ် (၄၈) ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။


ကိုမင်း ( ခရမ်း )

https://t.me/MyanmarNationalPost

No comments:

Post a Comment