Pages

Pages

ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

  



ရွှေတောင် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့  နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

      ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးထပ်ဆင့်ရှင်းလင်းပွဲတွင် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဟံဝင်းအောင်က  အဖွင့်အမှာစကားပြောကြားရာတွင်  ဥပဒေ၏ ရည်ရွယ်ချက် ၊စစ်မှုထမ်းမည့်အသက်အရွယ်အပိုင်းအခြား၊စစ်မှုထမ်းရမည့် ကာလ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှု၊ ကင်းလွတ်ခွင့်ရရှိသူများ၊ပြစ်မှု/ပြစ်ဒဏ်များအားအသိပေးချပြရှင်းလင်းခဲ့ပြီး  မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးရာဇာလင်း က စာရင်းကောက် ယူရေးပုံစံများနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရမည့် အချက်အလက်များအား အသေးစိတ်ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက စာရင်းကောက်ယူရမည့်ပုံစံများနှင့်ပတ်သက်ပြီး မရှင်းလင်းသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

   အဆိုပါအခမ်းအနားသို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်( ၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ( ၁၀) အုပ်စု တို့ရှိ ပြည်သူ့စစ်စာရင်းကောက်ယူရေးအဖွဲ့  ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ( ၁၀၈) ဦခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment