Pages

Pages

လသာမြို့နယ်တွင် (book club) စာဖတ်ဝိုင်းပြုလုပ်

 

 


လသာ မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကို ယ​မန်နေ့နေ့လယ် (၁) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် “အမိမြေသစ္စာ”သတင်းစုံဂျာနယ်အယ်ဒီတာချုပ် ဆရာ ဦးသူရဇော်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ တင့်တယ်ခင်က မုဒိတာစကား ပြောကြားခဲ့သည်။

ထို့နောက် စာ​ရေးဆရာဇင်​​ယော် (ရင်ခွင်နန်း​တော်)က  ၄င်းရေးသားသည့် “စကားလုံးမဲ့သံစဥ်များ” ရသဝတ္ထုအား ဖတ်ကြားခဲ့သည်။ ယင်းနောက်တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများ စာပေချစ်မြတ်နိုးသူများက ရသဝတ္ထုပါ ဇာတ်ကောင်များ၏ စကားလုံးအသုံးအနှုန်း အသက်ဝင်မှု၊ အကြောင်းအရာများ ဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) စာဖတ်ဝိုင်းအား လစဥ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment