Pages

Pages

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ဒေသ၊ Ulan-Ude မြို့တွင် ပြုလုပ်ခဲ့သည့် GastroCamp Buryatia Project သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်





မော်စကို၊ မတ် ၁၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် Buryatia ဒေသအစိုးရ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်မှ ၁၁ ရက်အထိ Buryatia ဒေသ၊ Ulan-Ude မြို့သို့ သွားရောက်ခဲ့သည်။

ခရီးစဉ်အတွင်း သံအမတ်ကြီးသည် Buryatia ဒေသအစိုးရ အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးစီးသည့် ဒေသအစိုးရအဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် သံအမတ်ကြီးက မြန်မာ-ရုရှားချစ်ကြည်ရေး၊ ပူးပေါင်းဆောင် ရွက်ရေး တိုးတက်ခိုင်မာလာမှုနှင့်အတူ မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ် နိုင်ရေး၊ မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများပိုမိုတင်ပို့နိုင်ရေး၊ အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာတော်သင်များ ပိုမိုစေလွှတ်သင်ကြားနိုင်ရေး၊ ဒေသအစိုးရနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး အလေးထားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း သံအမတ်ကြီးသည် Buryatia အစိုးရခရီးသွားလုပ်ငန်းဝန်ကြီး နှင့်အတူ Ulan-Ude ဒေသရှိ ကမ္ဘာကျော် Baikal ရေကန်နှင့် ခရီးသွားနေရာများ၊ ပြတိုက်များ၊ ခေတ်မီစက်ရုံအလုပ်ရုံများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး သင်တန်းကျောင်းတို့သို့ လေ့လာကြည့်ရှုခဲ့ပြီး အထင်ကရ ဗုဒ္ဓဘာသာ ဘုရားကျောင်းများသို့ သွားရောက်ဖူးမြှော်၍ ဒေသအစိုးရအဖွဲ့အကြီးအကဲ နှင့်အတူ တတိယအကြိမ်မြောက် တိုက်ခိုက်ရေးဆိုင်ရာ အားကစားနည်းများနှင့် ရိုးရာကိုယ်ခံပညာ အားကစား ပြိုင်ပွဲ၊ ခရီးသွားလုပ်ငန်းဗဟိုဌာန၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ရုရှားရိုးရာအစားအစာပြပွဲ နှင့် ညစာစားပွဲများသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


#NewsUpdate

No comments:

Post a Comment