Pages

Pages

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ



ပျဉ်းမနား မတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာရေးဆရာရန်ကုန်ဘဆွေ ရေးသားသည့် “သေသော်မှတည့် ဪကောင်း၏” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာရန်ကုန်ဘဆွေ ရေးသားသည့် “သေသော်မှတည့် ဪကောင်း၏” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာရေးဆရာများဖြစ်သော မေချို(ပျဉ်းမနား)၊ သဘာဝ၊ စိန်ဝင်းနွယ်၊ ရဲမွန်ကျော်၊ နန်းနန်း(စပါးကျီ)၊ လုံမငယ်(လူမှု)၊ မျိုးမြင့်မြတ်၊ ဒီရာ(စွမ်းအင်)၊ ချယ်ချယ်(YU)၊ ဦးလင်းထွန်းနှင့် စာပေဝါသနာရှင်များက “သေသော်မှတည့် ‌ဪကောင်း၏” စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment