နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ


နွားထိုးကြီး ၊ မတ် ၁၂

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူး ပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့် ကြီးပွားရေးစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။

                        အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက စာပေရဲ့ ရိုက်ခက်မှုဟာ အလွန် တရာ ပြင်းထန်ပါတယ် အထူးသဖြင့် ရသစာပေဟာ လူတွေရဲ့နှလုံးသားတစ်ခုလုံးကို ချုပ်ကိုင်လွှမ်းမိုး ချယ် လှယ်ပါတယ် ဒါဟာ အကျယ်ချဲ့လွန်းတယ်လို့ ထင်စရာပါသို့ပေမယ့် ရသစာပေ ဂန္တဝင် စာကောင်း ပေကောင်းတွေကို ဖတ်ဖူးသူနဲ့ မထိတွေ့ဖူးသူတို့ရဲ့ နှလုံးသားအရည်သွေးဟာ တိုင်းတာလို့မရအောင် ကွဲပြားခြားနားလှပါတယ်ဟု စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သား ထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းအောင်ဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)