Pages

Pages

အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်

 

အိမ်မဲ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံအေရိုးဗစ်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်၊ ထူးချွန်သည့် အားကစားသမားများပေါ်ထွန်းလာစေရန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက အေးရိုးဗစ်အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းလည်းကောင်း အကျယ်တဝင့်ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး အခြေခံအေရိုးဗစ်သင်တန်းကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစာမှူး ဒေါ်စုမြတ်သဲ ၊ နည်းစနစ်မှူး ဒေါ်ဖြိုးဝေလွင်နှင့် အကြီးတန်းစာရေး ဒေါ်အိအိမျိုးတို့က ဆက်လက်သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှ မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိဖြစ်ကာ သင်တန်းသား/သူ (၁၅) ဦးရှိကြောင်း သိရ သည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment