Pages

Pages

ပေါင်မြို့နယ်Community Centre ခန်းမ၌ ရေချွေတာသုံးစွဲရေးအသိပညာပေးဟောပြောပွဲပြုလုပ်

 




MNP  ၊ ပေါင်    မတ်    ၈


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ရေချွေတာသုံးစွဲရေး

အသိပညာပေးဟောပြောပွဲကိုယနေ့ညနေ့ (၃)နာရီက၊ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   Community Centre ခန်းမ၌ပြုလုပ်ခဲ့သည်။

      ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး‌  ဒေါ်ချမ်းမြေ့မြတ်နိုး က ကမ္ဘာပေါ်တွင် ရေငန် ၉၇ % နှင့် ရေချို ၃% ရှိ‌သော ကြောင့် ရေချိုကိုချွေတာသုံးစွဲသင့်ပါကြောင်း ၊ရေချိုသည်သက်ရှိများဖြစ်သော လူ၊တိရိစ္ဆာန်နှင့်အပင်များအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါကြောင်း ဟောပြောခဲ့သည်။

     ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးပုံပြင်၊ ကဗျာနှင့် စိတ်ဝင်စားဖွယ်ရာ စစာအုပ်စာ‌ပေများနှင့် နံရံကပ်စာ‌စောင်များကိုခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။ 


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment