Pages

Pages

၂၀၂၄-ခုနှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတာဝန်များ ခွဲဝေခြင်း အစည်းအဝေး ကျင်းပ




MNP  ၊ ရွှေတောင်   မတ် ၉

     ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ၂၀၂၄- ခုနှစ်၊ Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/သူများ အေးချမ်းလုံခြုံချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အပြင်စည်းလုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် အုပ်ချုပ်မှုဆိုင်ရာတာဝန်များ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန်များ ခွဲဝေဖွဲ့စည်းခြင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

      အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယ  မြို့နယ်ပညာရေးမှူးများ၊ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ရပ်ဖများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များကို စာမေးပွဲဖြေဆိုမည့် နေ့ရက်များအလိုက် အပြင်စည်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် အဖွဲ့များ ဖွဲ့၍  တာဝန်များ ခွဲဝေပေးအပ်ခဲ့သည်။

    ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment