ကော့ကရိတ်၊ မတ် ၂၉
ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းရှိ လုံခြုံရေးအဖွဲ့ကို KNU/PDFအကြမ်းဖက် အဖွဲ့က မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် လာရောက်ပစ်ခတ်ပြီး ပြန်ဆုတ်ရာတွင် လမ်းကြောင်းပေါ်ရှိ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက် ညနေ ၅ နာရီတွင် ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းမြောက်ဘက် ဝက်သတ်ရုံအနီးရှိ ပြည်သူ့နေအိမ် ၂ လုံးအား KNU/PDF အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အလားတူ မတ်လ ၂၉ ရက် နေ့လည် ၁၁ နာရီကျော်တွင် ကော့ကရိတ်မြို့၊ အမှတ် ၄ ရပ်ကွက် ၊ အထက်ရွာအောက်ပိုင်း၊ တောင်ပေါ်ကျောင်းလမ်းနှင့် ရတနာလမ်းထောင့်ဆုံ လမ်း ၄ ခွဆုံရာ ဒေသအခေါ် ဈေးလေးထောင့်ရှိ နေအိမ်များကို KNU/PDF အကြမ်းဖက်အဖွဲ့များက ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
KNU/PDF အကြမ်းဖက်အဖွဲ့များသည် ကော့ကရိတ်မြို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပြီး ပြည်သူများ၏ နေအိမ်များကို မကြာခဏ ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် မြို့ခံပြည်သူတချို့ တိမ်းရှောင်နေကြရသည်။
#News





No comments:
Post a Comment