Pages

Pages

တောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက် အလက်များ ရယူသုံးစွဲနိုင်ရေးသင်တန်း (TOT Training) ဖွင့်လှစ်




ဇမ္ဗူသီရိ မတ် ၃၁


စိုက်ပျိုးရေးဦးစီးဌာနသည် ကျေးရွာအရောက် တောင်သူအသုံးချဆက်သွယ်‌ရေး နည်းပညာပေး သင်တန်းများ ပို့ချ‌ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စိုက်ပညာရှင် ကွင်းဆင်းဝန်ထမ်းများအတွက် TOT Training များ ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၃၀ ရက်နေ့က နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီးဌာန၌ တောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး သင်တန်း (TOT Training) ကို ဖွင့်လှစ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ e-Government ပညာရှင်အဖွဲ့များက Mobile phone ဖြင့် DOA Website အသုံးပြုခြင်း၊ ဈေးကွက်သတင်းအချက်အလက်များနှင့် စိုက်ပျိုးနည်းပညာများရယူခြင်း နည်းလမ်းများနှင့် အခြား ICT ဆိုင်ရာ အထွေထွေဗဟုသုတများအား သင်ကြားပေးခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေရှိ မြို့နယ်အသီးသီးမှ စိုက်ပညာရှင် ကွင်းဆင်းပညာပေး ဝန်ထမ်း ၃၀ ဦး တက်ရောက် သင်ကြားခဲ့ကြသည်။


အလားတူ TOT Training များကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး TOT မှတစ်ဆင့် တောင်သူများထံ ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချသွား မည်​​ဖြစ်ကြောင်း သိရသည်။


ဟိန်းသူအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment