Pages

Pages

ဟုမ္မလင်း​မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 



ဟုမ္မလင်း မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်ခန်းမတွင် Pfizer  အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို မတ်လ (၁၈)ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင်  Pfizer အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ အနည်းဆုံး (၆)လရှိရမည်ဖြစ်ပြီး ထိုးနှံရမည့်သူများမှာ အသက်(၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ် နှင့်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံ အားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Pfizer အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မတ်(၁၈)ရက်နေ့မှ (၂၁)နေ့အထိ ကိုယ်ဝန်ဆောင်၊ အသက် ၆၅ နှစ်အထက် ပြည်သူလူထုများ၊ အသက်(၅၀)အထက် ဝန်ထမ်းများ၊ အသက် ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment