Pages

Pages

မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိနွေရာသီသင်တန်းကျောင်း (Summer School) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 




မိုင်းကိုင် မတ် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊ ရှင်သာမဏေများနှင့် စာပြပုဂ္ဂိုလ်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ပရိယတ္တိနွေရာသီ သင်တန်းကျောင်း (Summer School) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်ရှိ  မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များ၊ ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်ကြားရေး ဆရာ ဆရာမများနှင့် သင်တန်းတက်ရောက်ကြမည့် ရဟန်း၊ ရှင်သာမဏေများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောဿတသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် Summer School ကော်မတီ နာယက ကျောင်းခမ်းကျောင်းဆရာတော် ဘဒ္ဒန္တကုမာရ၊ သင်ကြားရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်သန်းတို့က Summer School ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်မည့်အစီအစဉ်များကို ရှင်းလင်းလျှောက်ထားတင်ပြပြီးနောက် မြို့နယ်သံဃာ့ နာယကအဖွဲ့၏ အတိုင်ပင်ခံဆရာတော်၊ သမ္မုတိသံဃာတော်၊ မွေတော်တောင်ကျောင်း၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တဆန္ဒာဓိကက အဖွင့်ဩဝါဒစကားမြွတ်ကြားပြီးနောက်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိက Summer School ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သော ဩဝါဒစကားဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသခဲ့သည်။

ထို့နောက် နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးကျော်လင်း၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက Summer School တက်ရောက်ကြမည့် သင်တန်းသားရဟန်းနှင့် ရှင်သာမဏေအပါး (၄၀) တို့အတွက် သင်တန်းထောက်ပံ့စရိတ်နှင့် သင်ထောက်ကူပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ချော(မိုင်းကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment