Pages

Pages

ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သော အမေရိကန်အစိုးရ၏ လက်ကိုင်တုတ် VOA သတင်းဌာနမှ မေးမြန်းမှုအပေါ် သတင်းမှန်ပြန်ကြားရေး၏ ဖြေကြားချက်



နေပြည်တော်၊ မတ် ၂၉

ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သော အမေရိကန်အစိုးရ၏ လက်ကိုင်တုတ် VOA သတင်းဌာနမှ NUG, PDF အကြမ်းဖက်အဖွဲ့များအား အမေရိကန်က ပံ့ပိုးပေးနေမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က "အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်း နည်းပါးအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေမှုကို မြန်မာ့ဒီမိုကရေစီအရေးဟု အကြောင်းပြသော်လည်း မူလရည်ရွယ်ချက်အမှန်မှာ တရုတ်နိုင်ငံဝိုင်းပတ်ထိန်းချုပ်ရေးမူဝါဒအရ မြန်မာနိုင်ငံကို အသုံးချနေခြင်းသာဖြစ်ကြောင်း" ပြန်လည် ဖြေကြားထားသည်။

အမေရိကန်အစိုးရ၏ လက်ကိုင်တုတ် VOA သတင်းဌာနမှ သတင်းသမားအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများက "NUG, PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အရပ်ဘက်ဆိုင်ရာလုပ်ငန်းတွေအတွက် အမေရိကန်လွှတ်တော်က BURMA ACT ကို ပြဌာန်းပြီးနောက် အခု ၂၀၂၄ခုနှစ် အစိုးရအသုံးစရိတ်မှာ မြန်မာအတွက် ဒေါ်လာ ၁၂၁ သန်းထက် မနည်းသုံးစွဲခွင့် သတ်မှတ်လိုက်ပါတယ်။ နကစရဲ့ အမြင် သုံးသပ်ချက်ကို မေးချင်ပါတယ်။" ဟု ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

သတင်းမှန် ပြန်ကြားရေး၏ ဖြေကြားချက်အပေါ်တွင်လည်း ပြည်ဖျက်မီဒီယာများသည် ၎င်းတို့လိုရာစွဲပုံဖော်ရေးသား၍ တည်ငြိမ်အေးချမ်းမှု  ပျက်ပြားအောင် လှုံ့ဆော်ရေးသားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။


#News

No comments:

Post a Comment