Pages

Pages

ပေါင်မြို့နယ်၌ဒေသခံပြည်သူများ အတွက်သောက်သုံးရေများလှူဒါန်းပေး

 

ပေါင်      ၊   ဧပြီ        ၂၂


မွန်ပြည်နယ်၊ ပေါင် မြို့နယ်၌ နွေရာသီ  သောက်သုံးရေ များစတင် ရှားပါးလာပြီးဖြစ်၍ ဒေသခံပြည်သူများ     သောက်သုံးရေပြတ်လပ်မှုမရှိစေရေး အတွက် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ   မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော၊ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်၍ ရေလှောင်ကန် နှင့်နေအိမ် များသို့သောက်ရေ ဂါလံ (၆၅၆၀၀) အားယနေ့အထိအခမဲ့ သွား ရောက် လှူဒါန်း ပေးခဲ့သည်။

အဆိုပါသောက်သုံးရေများအခမဲ့ဖြန့်ဝေ ပေးခြင်းကို မြို့နယ် မီးသတ် ဦးစီးအရာရှိဦးမြတ်ကိုကိုဦးဆောင်၍  မီး သတ်  တပ်ဖွဲ့ဝင်တို့က မီးသတ် ရေသယ်ယာဥ် (၃)စီးဖြင့် သောက်သုံးရေရှားပါးလျက်ရှိသည့်  ပေါင်းရပ်ကွက်

ကဒုံစီးရပ်ကွက်၊ဘိုင်လောင်းကျေးရွာ၊ကားတဲကျေးရွာ

အလှပ်ကျေးရွာ၊ညောင်ကုန်းလေးကျေးရွာ၊သပြေကုန်းကျေးရွာ၊ကျွဲခြံကျေးရွာ၊ကော့ကရင်ကျေးရွာ၊ကော့ထော်ကျေးရွာများသို့သွားရောက်၍ ရေလောင်ကန်နှင့် နေအိမ် များ အတွက်အိမ်တိုင်ရာရောက်   ဖြန့်ဝေပေးခဲ့  ကြောင်းနှင့်  သောက်သုံးရေ ရှားပါးနေသည့်အခြားကျေးရွာ၊ရပ်ကွက်များသို့လည်းဆက်လက်၍ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


 မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment