Pages

Pages

မိုးညှင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပ



မိုးညှင်း ဧပြီ ၄


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာသင်သံဃာတော်များ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သာသနာရေး ဦးစီးဌာနမှ ကြီးမှူး ၍ ယမန်နေ့ မွန်းတည့်(၁၂)နာရီက ဥတ္တရာရာမကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အစိုးရပါဠိ ပထမပြန်စာမေးပွဲဖြေဆိုရာတွင် မြို့နယ်သံဃာနာယကဆရာတော်ကြီးနှင့် ဩဝါဒါစရိယဆရာတော်ကြီးများက ကြီးကြပ်၍ စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ စာရင်းသွင်း (၁၈၆)ပါးရှိသည့်အနက် ဖြေဆို (၁၇၃)ပါး၊ ပျက်ကွက် (၁၃)ပါးရှိပြီး ပထမကြီးတန်း တွင် စာဖြေသံဃာနှင့် သီလရှင် (၁၈)ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာနှင့် သီလရှင် (၂၂)ပါး၊ ပထမငယ်တန်းတွင် သံဃာနှင့် သီလရှင် (၃၃)ပါး၊ အခြေပြုမူလတန်းတွင် စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၁၀၀)ပါး စုစုပေါင်း (၁၇၃)ပါးတို့ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဖြေဆိုကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များက စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စာဖြေဆိုနေစဉ်အတွင်း အလှူရှင်းများက အချိုရည်များဖြင့် ဆက်ကပ်လှူဒါန်းကြလျက်ရှိကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment