ကျိုက်မရော ၊ ဧပြီ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်သောင်းဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက သောက်သုံးရေလိုအပ်နေသော ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာနေပြည်သူများသို့ သွားရောက်ပြီး သောက်သုံးရေ ဂါလံ(၂၈၀၀)ကို အခမဲ့ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ရေသယ်ယာဥ်ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ ရေရှားပါးသောနေရာများနှင့် ကျေးရွာများအထိ ကွင်းဆင်းသွားရောက်၍ ရေလိုအပ်သည့် နေရာများအထိ အိမ်တိုင်ရာရောက် လှူဒါန်းပေးသွားမည်ဖြစ်ပြီး နွေရာသီကာလ ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန် ဖြန့်ဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment