Pages

Pages

ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ





နေပြည်တော်  ၊ ဧပြီ   ၂၀

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံအတွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြည်ညို ကြသည်။

အခမ်းအနားတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ကြီးထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသော ပရိတ်တရားတော်များအားနာယူကာ ဆရာတော်သံဃာတော်များထံသို့ ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ်စာအုပ်များ၊ ပရိတ်ရေ၊ ပရိတ်ပန်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။         


ထွန်းထွန်းဝင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment