Pages

Pages

သထုံခရိုင်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ





သထုံ ဧပြီ ၂၇


မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကား ပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းအောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းလုပ်ငန်းများ၏ ကဏ္ဍအလိုက် အားသာချက်၊ အားနည်းချက်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍနှင့် သထုံမြို့နယ်၊ ပေါင်မြို့နယ်တို့အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment