Pages

Pages

ဂွမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိ





ဂွ   ဧပြီ   ၄


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့၊ မွန်းတည့်(၁၂)နာရီတွင် ဒုတိယနေ့အဖြစ်  ကျင်းပဆောင်ရွက်လျက်ရှိသည်။

  အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အစိုးရမူလတန်းမှ ဖြေဆိုရန်စာရင်းရှိ သံဃာတော် ၂၅ပါးအနက် ဝင်ရောက်ဖြေဆိုသံဃာ၁၆ပါး၊ ပျက်ကွက်၉ပါးတို့ရှိပြီး၊ ဖြေဆိုသံဃာများက ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်အား ဒုတိယနေ့အဖြစ် ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

 ထိုသို့အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဥက္ကဌဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များအား  အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment