Pages

Pages

ကြံခင်းမြို့တွင် အစိုးရပါဠိပထမ ပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 




ကြံခင်း ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့ ၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်မိ/ဖများနှင့် စေတနာရှင်အလှူ့ဒါယကာ၊ ဒါယိကာမများက "နမောတဿ" (၃) ကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက် ဆရာတော်ဦးဝါယမထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားပြီးနောက် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ကြီးကြပ်ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာများကို အောင်လက်မှတ်နှင့် လှူဖွယ်ဝထ္ထုများဆက်ကပ်ရာ ပထမလတ်တန်း (၁) ပါး၊ ပထမငယ်တန်း (၁၁) ပါး၊ အခြေပြုမူလတန်း (၉) ပါးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော်က တရားတော်များဟောကြားချီးမြှင့်ခြင်းနှင့် လှူဖွယ်ဝထ္ထုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး "ဗုဒ္ဓသာသနံစိရံတိဌတု" (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment