Pages

Pages

အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ


နေပြည်တော် ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS) များက ဧပြီ ၂၄ ရက်မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment