Pages

Pages

ကူဝိတ်တွင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား (၄)နိုင်ငံ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပ





ကူဝိတ်၊ ဧပြီ ၂၀

ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံး၊ ထိုင်းသံရုံး၊ လာအိုသံရုံးနှင့် ကမ္ဘောဒီးယားသံရုံး တို့ပူးပေါင်း၍ (၄)နိုင်ငံ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ထိုင်းသံရုံး၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

(၄)နိုင်ငံ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အခမ်းအနားသို့ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး (အာရှရေးရာတာဝန်ခံ) Mr. Khalid Jassim Al-Yassin၊ တရုတ်သံအမတ်ကြီး Mr. Zhang Jianwei ၊ ဂျပန်သံအမတ်ကြီး Mr. Morino Yasunari၊  တောင်ကိုရီးယားသံအမတ်ကြီး Mr. Chung Byung-ha ၊ အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ ကူဝိတ်မြို့ရှိ မြန်မာအသိုင်းအဝိုင်းများနှင့် (၄)နိုင်ငံမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကူဝိတ်မြို့ရှိ မြန်မာနိုင်ငံသားများက မဟာသင်္ကြန်ယိမ်းအကများဖြင့် ပါဝင်သီဆိုကပြခြင်း၊ ထိုင်းနိုင်ငံသားများက ထိုင်းရိုးရာယဉ်ကျေးမှုအက၊ မွေထိုင်းလက်ဝှေ့ သရုပ်ပြခြင်း၊ (၄)နိုင်ငံ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ကျင်းပမှုနှင့်ပတ်သက်၍ အင်္ဂလိပ်ဘာသာ Video ဖြင့် ပြသခြင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။

မြန်မာသံရုံးမှ ကြွရောက်လာသော ဧည့်သည်တော်များအား ရှမ်းခေါက်ဆွဲ၊ သာကူကန်ဇွန်းဥ တို့ဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှလည်း နိုင်ငံအလိုက် ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment