Pages

Pages

ရွှေတောင်မြို့နယ်တွင်( ဒုတိယ အကြိမ်) ကုလရက္ခိတယဥ်ကျေးလိမ္မာ( ၁၀) ရက်လူငယ်အထူးတရားစခန်းဖွင့်လှစ်

 


 ရွှေတောင်  ၊  ဧပြီ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်၊ ကံကြီးသာသနာ့ဗိမာန်ကျောင်း အစားကျွေး တရားပေးအမြဲတမ်းတရားရိပ်သာတွင် ယမန်နေ့ည( ၈း၀၀)နာရီ က( ဒုတိယ အကြိမ်)  ကုလရက္ခိတယဥ်ကျေးလိမ္မာ( ၁၀) ရက်လူငယ်အထူးတရားစခန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ကုလရက္ခိတယဥ်ကျေးလိမ္မာ( ၁၀) ရက်လူငယ်အထူးတရားစခန်းတွင်မျိးဆက်သစ် အနာဂတ် လူငယ်မောင်မယ်လေးများကို သြကာသကန့်တော့ချိုး၊သရဏဂုံနှင့် သီလ၊ဗုဒ္ဓဝင်၊မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ်၊လောကနီတိ၊ပြည်သူ့နီတိကဏ္ဍစသည့် ဘာသာရေး အသိအလိမ္မာများ ကို စာတွေ့လက်တွေ့ ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

( ဒုတိယ အကြိမ်)  ကုလရက္ခိတယဥ်ကျေးလိမ္မာ (၁၀) ရက်လူငယ်အထူးတရားစခန်းသို့ လူငယ်မောင်မယ်စုစုပေါင်း ( ၉၅)ဦး တက်ရောက်ခဲ့ကြပြီး အစားအသောက်နှင့်နေရေးထိုင်ရေးများကို စောင့်ရှောက်ပေးလျှက်ရှိကြောင်းသိရသည်။



ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment