Pages

Pages

ရွှေတောင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်များပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ ငွေများပေးအပ်




ရွှေတောင် ၊  ဧပြီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ နှင့်ပစ္စည်းများပေးအပ်ခြင်းကို  တံပူစားကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ဓမ္မာရုံ၌ ယမန်နေ့  နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

      အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒကစမှူး ဗိုလ်မှူးချုပ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စိုးဦးဟန် နှင့်  ပြည်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့  ဥက္ကဌ ၊ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ  ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု၊  မမဲကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာအုပ်စု ၊ တံပူစားကျေးရွာအုပ်စုတို့တွင် လူနေအိမ်(၉) လုံးပြိုကျခဲ့ပြီး၊ လူနေအိမ် (၅၉) လုံးတို့အတွက် ပြည်ခရိုင်ဘေးအန္တရာယ်စီမံ  ခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ထောက်ပံ့ငွေ (၃၈၃၂၇၀၀/-) ကျပ်တို့ကို ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် (၉)လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၆) မျိုးပါ ပုံး( ၁)ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment