Pages

Pages

သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လေဘေးသင့်ပြည်သူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 




သီပေါ ၊ ဧပြီ  ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ (၂)နာရီခန့်က မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် သီပေါမြို့ နောင်အန်ကျေးရွာရှိ နေအိမ် (၂၄)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်များအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ပျက်စီးသော အမိုး၊ အကာ၊ ခြံစည်းရိုးများအား ကူညီဖယ်ရှားပေးခဲ့ကြောင်း၊ ယာယီအမိုးများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ နေအိမ် (၂၄)အိမ်မှ အိမ်ထောင်စုများအား တစ်ကိုယ်ရည်သန့်ရှင်းရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။


ခင်လေး

https://t.me/MyanmarNationalPost

No comments:

Post a Comment