Pages

Pages

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ကူညီစောင့်ရှောက်ခြင်းများ ဆောင်ရွက်


နောင်ချို  ၊ ဧပြီ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

သဖန်းကိုင်းပရဟိတအသင်းအနေဖြင့် ဆရာတော်၏ကြီးကြပ်မှုဖြင့် ဥက္ကဋ္ဌ ဦးမင်းသိန်းနှင့်အသင်းသားများက စစ်ဘေးကြောင့်ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ကျန်းမာရေး၊ စားဝတ်နေရေးနှင့် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။      

သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန (အခမဲ့)ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment