Pages

Pages

ငပုတောမြို့၌ လောကချမ်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ



ငပုတော၊ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တောင်ပိုင်းရပ်ကွက် သာယာကျောင်းတိုက် အရှင်ဆပဒ ရဟန္တာသာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်တော် မူအပ်သောလောကချမ်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဘုရားပုရဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ရေစက်ချမဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ မတည်အလှူရှင် မိသားစုနှင့် စေတနာရှင်အလှူရှင်းများက  ဆရာတော်သံဃာတော်များအား  လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ရွှေအင်ကြင်းဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ရေစက်ချအနုမောဓနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြောင်း သိရသည်။


အောင်သူ 

No comments:

Post a Comment