Pages

Pages

အိမ်မဲမြို့နယ်တွင် (၁၁၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ




အိမ်မဲ ၊  ဧပြီ ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နှစ်စဥ်ကျင်းပသည့် (၁၁၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်မှ စတင်၍ကျင်းပခဲ့ကြောင်း သိရသည်။


အိမ်မဲမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၂၀၂)ကျောင်းတွင်ဝါဆိုဆပ်ကပ်တော် မူကြမည့် ပင့်သံဃာ အပါး ၁၂၀၀ ကျော်တို့က အိမ်မဲမြို့အဝင် ဇီးကျောင်းအောင်သိပ္ပံကျောင်းမှ စုရပ်ပြုလုပ်ပြီး အိမ်မဲမြို့အတွင်းသို့ ကမ်းနားလမ်းအတိုင်းကြွချီတော်မူလာရာ အိမ်မဲမြို့နယ်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူအပေါင်းတို့မှ မြတ်စွာဘုရာအား အမှူး ထား၍ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အစရှိသည့် လှူဒါန်းဖွယ်ရာများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ယမန်နှစ်ကလည်း ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၂၁၀)ကျောင်းမှ ဝါဆိုဆပ်ကပ်တော်မူကြမည့် ပင့်သံဃာအပါး (၁၀၀၀)ကျော်ကိုလည်း မြတ်စွာဘုရားအမှူးထား၍ လှူဒါန်းဖွယ်ရာများကို လည်းစေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြကြောင်း သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment