Pages

Pages

ဂွမြို့နယ်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည် ရွတ်ဖတ်ပူဇော်

 




ဂွ ၊  ဧပြီ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်တစ်မြို့နယ်လုံး ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍     အန္တရာယ်ကင်းပရိတ်တရားတော်များနှင့်ကမ္မဝါစာများရွတ်ဖတ်ပူဇော်ခြင်းတို့ကို  မြန်မာနှစ်ဆန်းနှစ်ရက်နေ့ ညနေ ၃ နာရီ အချိန်က မြို့မရပ်ကွက်  မြို့အဝင် ဆီဆိုင်များအနီး၌ လည်းကောင်း၊ ကင်းရုံးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအနီးတွင်လည်းကောင်း၊ မြို့မရပ်ကွက်ရှိ ခမရ(၅၆၂) တပ်ရင်းအနီး၌ လည်းကောင်းကျင်းပပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် အပါအဝင်  ပင့်သံဃာတော်(၃၀)ပါးတို့က မြို့အားလှည့်လည်၍ အန္တရာယ်ကင်း  ပရိတ်တရားတော်များလှည့်လည် ရွတ်ဖတ်သရဇ္ဈယ် ခဲ့ကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်းကို မြို့မရပ်ကွက်  မြို့အဝင်ဆီဆိုင်များ အနီး၌ လည်း ကောင်း၊ ကင်းရုံးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအနီးတွင်လည်း ကောင်း ၊မြို့မရပ်ကွက်ရှိခမရ(၅၆၂)တပ်ရင်း အနီး၌ လည်း ကောင်း ပြုလုပ်ခဲ့ကြပြီး  ပင့်သံဃာ (၃၀)ပါး  တို့က အန္တရာယ်ကင်း  ပရိတ်တရားတော်များနှင့် ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခြင်းကို  ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့်  ဌာနဆိုင်ရာများ၊တာဝန်ရှိသူများက သံဃာတော် များထံ  ပရိတ်ပန်း ၊ ပရိတ်ချည် ၊ ပရိတ်သဲ ၊ပရိတ်ရေများ  ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  ဆရာတော် ၊ သံဃာတော်များ ရွတ်ဖတ်ပူဇော်သည့် ပရိတ်တရားတော်များကို   နာယူကြည်ညိုခဲ့ကြသည် ။ ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချ အမျှအတန်းများပေးဝေခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment