Pages

Pages

မိုင်းစံမြို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်နာပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

မိုင်းစံ  ၊ ဧပြီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အန္တရာယ်ကင်းပရိတ်တရားတော်နာပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မိုင်းစံမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သီရိမင်္ဂလာရွှဂူတောရကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဥူးသုန္ဒရနှင့် သံဃာတော်အရှင်သူမြတ် (၅)ပါး၊ မိုင်းစံမြို့ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ   မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ရပ်မိ/ရပ်ဖများနှင့် သက်ကြီး ဘိုးဘွားများ တက်ရောက်ခဲ့ကြပြီး ဆရာတော်သံဃာတော်များနှင့် တရားနာဧည့်ပရိတ်သတ် များက နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းနှင့် ဧည့်ပရိတ်အပေါင်းတို့က သီရိမင်္ဂလာ ရွှေဂူတောရကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဥူးသုန္ဒရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သြဝါဒကထာနာယူပြီး‌နောက် ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်အ‌ပေါင်းတို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်တော်မူကြသည်။

ဆက်လက်၍ မိုင်းစံမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ရပ်မိ/ရပ်ဖများမှ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သက်ကြီးဘိုးဘွားများအား   တက်ရောက်လာသည့် ဧည့်ပရိတ် အပေါင်းတို့မှ ရှိခိုးကန်တော့ပြီးနောက် လှူဖွယ်ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ အား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် မိုင်းစံမြို့သီရိမင်္ဂလာရွှေဂူတောရကမ္မဌာန်း ကျောင်းတိုက်ဆရာတော် ဥူးသုန္ဒရမှ တရားတော်ချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် တရားနာဧည့်ပရိတ်သတ်အပေါင်းတို့မှ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားရုတ်သိမ်းလိုက်ကြောင်း သိရသည်။


မိုင်းစံ 

https://t.me/MyanmarNationalPost

No comments:

Post a Comment