Pages

Pages

ကျိုက်မရောမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင်ရဟန်း၊ သာမဏေများအား စူဠဘွဲ့နှင်းသဘင်ကျင်းပ



ကျိုက်မရော ဧပြီ ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေများအား ဘွဲ့လက်မှတ်အဆောင်အယောင်နှင့် စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သီရိဇေယျုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တညဏိသာရထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီး အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေများအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများအား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဘုရားနှစ်ဆူကျောင်းတိုက်ဆရာတော် ဘဒန္တသီလာစာရထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။


မိချို 

https://t.me/MyanmarNationalPost

No comments:

Post a Comment