Pages

Pages

ပေါင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို




ပေါင်        ဧပြီ      ၄


သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ပါဠိပထမပြန် စာမေးပွဲကို ယနေ့  နေ့လယ်ပိုင်းက ကဒါရပ်ကွက်သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆက်လက်ဖြေဆို  ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျှောက်ထားခဲ့သည်။အဆိုပါ ပါဠိပထမပြန် စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့်မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့ဖြေဆိုသည့် ပါဠိပထမပြန်စာမေးပွဲသို့  ကြီးကြပ်ဆရာတော် (၁၇) ပါးတို့ဖြင့် ကျင်းပဆောင် ရွက်လျက်ရှိရာဒုတိယနေ့အဖြစ် စုစုပေါင်း ရဟန်း၊ရှင်သာမဏေ၊ သီလရှင် စုစုပေါင်း (၂၁၀)ပါး ဖြေဆိုလျက်ရှိကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment