သံတွဲမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရွာသား ၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဟု မဟုတ်မမှန် သတင်းတု၊ သတင်းအမှား များကို ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရွာသား ၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဟု မဟုတ်မမှန် သတင်းတု၊ သတင်းအမှား များကို ရေးသားဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ ဧပြီ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် AA အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ နှစ်ဖက်တိုက်ပွဲများပြင်းထန်လျက်ရှိရာ ဧပြီလ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ရွှေလှေကျေးရွာနှင့် ရေကောက်ကျေးရွာတို့မှ ဒေသခံရွာသား ၅၀ ထက် မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း အထင် အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများမှဒေသခံရွာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိဘဲ   ဝါဒဖြန့်ဝေမှုသာဖြစ်ကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရာတွင် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများအား လူသားတံတိုင်း အဖြစ် အကာအကွယ်ယူတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။


AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ များကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ပြည်သူများအထင်အမြင်လွဲမှား စေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)