Pages

Pages

ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလှူဒါန်းမှု ဆောင်ရွက်



ပေါင်းတည် ၊  ဧပြီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ယနေ့ နံနက် ၁၀ နာရီက ရေသယ်ယာဉ်များဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေအခက်အခဲဖြစ်နေသော​​နေရာဒေသများသို့ မြို့နယ်မီးသတ်စခန်းမှ ဂါလံ ၁၆၀၀ ဆန့် မီးသတ်ရေသယ်ယာဥ်ဖြင့် ရပ်ရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ရွာပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သယ်ဆောင်ကာ စည်းကမ်းတကျ မျှဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာ ၃ ရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း ကြားသိရ၍ သွားရောက်ကူညီ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost

No comments:

Post a Comment