Pages

Pages

စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရွှေတောင်မြို့နယ်အတွင်း ဗီယမ်နမ်စပါးမျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး



ရွှေတောင် ဧပြီ - ၆

        စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည်တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍  ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်       ( ၄၁၇A) ကွင်းအတွင်းရှိ တောင်သူ ဦးလင်းလင်း၏ ဗီယမ်နမ်စပါးမျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ယမန်နေ့  ညနေပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

     ရှေးဦးစွာ ခရီးစဥ်တွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်ထံ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်သက်မှ နတ်မှော်မြစ်ရေတင်လုပ်ငန်း ခရီးစဉ် ညွှန်ကြားချက်များအပေါ်  လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက နတ်မှော်မြစ်ရေတင်စီမံကိန်းဖြင့် ရွှေတောင်မြို့နယ် နွေစပါးစိုက်တောင်သူများ လာမည့်နှစ်တွင် ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြောင်းများတူးဖော်ပေးရမည့် အခြေအနေများအား တွက်ချက်၍ ကုန်ကျစရိတ်များကို ပြန်လည်စိစစ်တင်ပြပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ 

အဆိုပါ ခရီးစဉ်သို့ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါ၍ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost 

No comments:

Post a Comment