Pages

Pages

တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ



တန့်ယန်း ၊ ဧပြီ  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်မြတ်ကြီး၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က နေမိန္တရကုန်းတော် အောင်တော်မူစေတီတော် လှိုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တကုသလနှင့် ဆရာတော်ကြီးများက ဘုရားပင့်ဂါထာဖြင့် ပူဇော်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ ပဋ္ဌာန်းအမွှန်းဂါထာတော်ရွတ်ဆိုခြင်းနှင့် ပဌာန်းဒေသနာတော်များအား ရွတ်ဖတ်ပူဇော်ခြင်းများကို အစီအစဉ်အတိုင်း ကျင်းပခဲ့ကြောင်းနှင့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဧပြီလ ၁၈ ရက်နေ့အထိ သုံးရက်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


မင်းလွင်ဦး(တန့်ယန်း)

https://t.me/MyanmarNationalPost                                                         

No comments:

Post a Comment