Pages

Pages

လိပ်သိုဒေသထွက် မရမ်းသီးခြောက်များ ဈေးကောင်းရ



လိပ်သို  ၊  ဧပြီ  ၂၅


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ မရမ်းသီးစိုက်ပျိုးသူတောင်သူများ မရမ်းသီးမှည့် ဝယ်လိုအားနည်းချိန်တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချရာ ဈေးကောင်းရလျက် ရှိနေကြောင်း သိရသည်။

မရမ်းသီးများကို ထက်ခြမ်းခွဲ၍အစေ့ထုတ်ကာ အခြောက်လှန်းပြီး မရမ်းသီးခြောက်ပြုလုပ်ကြ ကြောင်း၊ မရမ်းသီးခြောက်များကို မရမ်းယိုပြုလုပ်ရာတွင်လည်းကောင်း၊ ဟင်းအမယ်များနှင့် ရောချက်၍သော်လည်းကောင်း နှစ်ခြိုက်စွာစားသုံးကြကြောင်း၊ ယခင်လက မရမ်းသီးခြောက် တစ်ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်အထိသာ ဈေးရရှိကာ ယခုဧပြီလကုန် ပိုင်းတွင် (၆၅၀ဝိ/-) ကျပ်မှ(၇၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုဒေသသည် နှစ်ရှည်သီးနှံပင်မျိုးစုံ စိုက်ပျိုးထွက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ တောင်ငူ-လိပ်သို-လွိုင်ကော်ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိနေ၍ ဒေသထွက်သီးနှံများကို ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ကြီးများသို့ အလွယ်တကူ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။


ခင်လေးနွယ် (လိပ်သို)

https://t.me/MyanmarNationalPost


No comments:

Post a Comment